“စွန့်ပစ်ဓာတုလက်နက်ဖျက်ဆီးမှု အရှိန်မြှင့်ရန် ဂျပန်နိုင်ငံအား တရုတ်နိုင်ငံ တိုက်တွန်း”
01 Aug
ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံတွင် ဂျပန်နိုင်ငံကစွန့်ပစ်ခဲ့သည့် ဓာတုလက်နက်များအား မြှုပ်နှံထားရာ နေရာများအကြောင်း ထိရောက်သော သတင်းအချက်အလက်များ ပေးအပ်ရန်နှင့် ယင်းဓာတုလက်နက်များအား ဖျက်ဆီးခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဇူလိုင်လ ၃၀ ရက်၌ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ စွန့်ပစ်ဓာတုလက်နက်များသည် တရုတ်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဘေးကင်း လုံခြုံမှုအပြင် ဂေဟပတ်ဝန်းကျင်အတွက်ပါ ယနေ့တိုင် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း မော် က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်၊ နှစ်နိုင်ငံအစိုးရများအကြား နားလည်မှု စာချွန်လွှာတို့နှင့်အညီ ၂၀၀၇ ခုနှစ်နောက်ဆုံးထား၍ ယင်းလက်နက်များကို ဖျက်ဆီးခြင်းနှင့် ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သင့်သော်လည်း စစ်မှန်မှုနှင့်အားထုတ်မှု မလုံလောက်ခြင်းကြောင့် ဂျပန်ဘက်မှ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၆ နှင့် ၂၀၂၂ ခုနှစ်များတွင် လေးကြိမ်တိုင်တိုင် ဖျက်ဆီးခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ “ဖျက်ဆီးရေးလုပ်ငန်းစဉ်ဟာ လျာထားတဲ့အချိန်ထက် သိပ်ကိုနောက်ကျနေပါတယ်” ဟု မော် က ပြောကြား ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)