“၂၀၂၆-၂၀၂၇ ဘောလုံးရာသီအကုန်တွင် ကစားသမားဘဝမှအနားယူမယ့် နျူအာ”
31 Jul
ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နျူအာ က ယခုနှစ် ၂ဝ၂၆-၂ဝ၂၇ ဘောလုံးရာသီအကုန်တွင် ဘောလုံးကစား သမားဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ နျူအာ ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ၂၀၁၁-၂၀၁၂ မှ ပြီးခဲ့တဲ့ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲပေါင်း ၅၉၈ ပွဲကစားကာ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့သလို ဆုဖလားပေါင်းများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အသက်(၄ဝ)အရွယ် ဂိုးသမား နျူအာ က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအကုန်တွင် ဘောလုံးကစားသမားဘဝမှ အနားယူတော့မှာဖြစ်ကြောင်း၊ အနားမယူခင်အချိန်လေးမှာလည်း ဆုဖလားတွေ ရယူသွားချင်ကြောင်းနဲ့ အားပေးတဲ့ ပရိသတ်များစွာကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
31 Jul