“ဥရောပကလပ်အဆင့်သတ်မှတ်ချက်တွင် ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှရပ်တည်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”

31 Jul

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ လက်ရှိဥရောပကလပ်အဆင့် သတ်မှတ်ချက်တွင် ရီးရဲလ်မက်ဒရစ် အသင်းကိုကျော်ဖြတ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဥရောပကလပ်အဆင့်သတ်မှတ်ချက်တွင် ဘိုင်ယန်မြူးနစ်အသင်းက ရမှတ် ၁၄၇,၅၀၀ ဖြင့် ရီးရဲလ်မက်ဒရစ် အသင်းကိုကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးနှစ်ကြိမ်ဆက် ဆွတ်ခူးနိုင် ခဲ့တဲ့ ပီအက်စ်ဂျီအသင်းက အဆင့်(၃)နေရာ၌သာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့တဲ့ အာဆင်နယ်အသင်းက အဆင့်(၇)နေရာ၌သာ ရပ်တည်နိုင်ခဲ့ကာ ထိပ်ဆုံး ၁၀ သင်းတွင် ပရီးမီးယားလိဂ်နှင့် စပိန်လာလီဂါမှ သုံးသင်းစီပါဝင်လာခဲ့ပါတယ်။ ဥရောပကလပ်အဆင့် သတ်မှတ်ချက်တွင် ဘိုင်ယန်မြူးနစ်အသင်းနောက်၌ ရီးရဲလ်မက်ဒရစ်အသင်းက ရမှတ် ၁၄၄,၅၀၀ ဖြင့် အဆင့်(၂)၊ ပီအက်စ်ဂျီအသင်းက ရမှတ် ၁၃၂,၀၀၀ ဖြင့် အဆင့်(၃)၊ လီဗာပူးအသင်းက ရမှတ် ၁၃၀,၀၀၀ ဖြင့် အဆင့်(၄)၊ အင်တာမီလန်အသင်းက ရမှတ် ၁၂၇,၀၀၀ ဖြင့် အဆင့်(၅)၊ မန်စီးတီးအသင်းက ရမှတ် ၁၂၅,၅၀၀ ဖြင့် အဆင့်(၆)၊ အာဆင်နယ်အသင်းက ရမှတ် ၁၁၉,၀၀၀ ဖြင့် အဆင့်(၇)၊ ဘာစီလိုနာအသင်းက ရမှတ် ၁၁၃,၂၅၀ ဖြင့် အဆင့် (၈)၊ ရိုးမားအသင်းက ရမှတ် ၁၀၅,၀၀၀ ဖြင့် အဆင့်(၉)နှင့် အက်သလက်တီကိုအသင်းက ရမှတ် ၁၀၄,၇၅၀ ဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။(NVS 008)

31 Jul

ADVERTISE HERE .