“ရာသီအစပိုင်းကို လွဲချော်မယ့် ဂိုမက်ဇ်”

31 Jul

လီဗာပူးအသင်းနောက်ခံလူ ဂျိုး ဂိုမက်ဇ် ဟာ ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရာသီအစပိုင်းပွဲတွေကို လွဲချော်မှာဖြစ်တယ်လို့ လီဗာပူးနည်းပြ အိုင်ရာအိုလာ က အတည်ပြုခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂိုမက်ဇ် ရဲ့ဒဏ်ရာက မပြင်းထန်ဘူးဆိုပေမယ့် ဩဂုတ်လ ၂၃ ရက်မှာ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့အတွက် မဖြစ်နိုင်ဘူးလို့ နည်းပြ အိုင်ရာအိုလာက ပြောခဲ့ပါတယ်။ ကြွက်သားဒဏ်ရာရထားတဲ့ ဂိုမက်ဇ် အနေနဲ့ ဘယ်တော့ပြန်ကစားနိုင်မယ်ဆိုတာကို ခန့်မှန်းဖို့ ခက်သလို ပုံမှန်ဆိုရင်တော့ တစ်လလောက် အနားယူရကြောင်း နည်းပြ အိုင်ရာအိုလာ က အတည်ပြုခဲ့ပါတယ်။ ဂိုမက်ဇ် ဒဏ်ရာရသွားတာကြောင့် နည်းပြ အိုင်ရာအိုလာ က ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းအကယ်ဒမီထွက် လူငယ်နောက်ခံကစားသမားတွေဖြစ်တဲ့ အန်ဒူကီ နဲ့ အန်ဒိုင်ယီ တို့ကို အသုံးပြုရဖွယ် ရှိနေပါတယ်။(NVS 008)

31 Jul

ADVERTISE HERE .