“တိုက်စစ်မှူး ကားလို့စ်အက်စ်ပီ ကို ရီးရဲလ်မက်ဒရစ်အသင်းခေါ်ယူ”

31 Jul

ရီးရဲလ်အသင်းဟာ လီဗန်တေးအသင်းရဲ့ လူငယ်တိုက်စစ်မှူး ကားလို့စ်အက်စ်ပီ ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် အက်စ်ပီ ဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါသွင်းဂိုး ၁၁ ဂိုး သွင်းယူခဲ့ပြီး အသက် ၂၃ နှစ် အောက် လာလီဂါအကောင်းဆုံး ကစားသမားဆုကို ရရှိထားပါတယ်။ ရီးရဲလ်အသင်းက ဖူလ်ဟမ်အသင်းကို ပြောင်းရွှေ့ သွားတဲ့ တိုက်စစ်မှူး ဂါစီယာ ရဲ့နေရာအတွက် အက်စ်ပီ ကို အစားထိုးခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူး အက်စ်ပီ အတွက် ရီးရဲလ်အသင်းက လီဗန်တေး အသင်းကို စာချုပ်ဖျက်ကြေး ယူရို ၂၅ သန်း ပေးချေခဲ့ရပြီး ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အက်စ်ပီ အနေနဲ့ လီဗန်တေးအသင်းနဲ့အတူ ဘောလုံးရာသီ ၃ ခု ဖြတ်သန်းခဲ့ရာမှာ ၆၆ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူ နိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက အခုနွေရာသီမှာ ၅ ယောက်မြောက်အဖြစ် ကစားသမားခေါ်ယူမှုလည်းဖြစ်ပါတယ်။(NVS 008)

31 Jul

ADVERTISE HERE .