“ဖူဟမ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာ ကိုခေါ်ယူရန် သဘောတူညီမှုရရှိ”
31 Jul
ဖူလ်ဟမ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာ ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ ၂၂ နှစ်အရွယ် ဂွန်ဇာလိုဂါစီယာ ဟာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲကစားကာ ၁၃ ဂိုး သွင်းယူထားပြီး စပိန်လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းကို ရီးရဲလ်နည်းပြဟောင်း အာဘီလိုအာ ကိုင်တွယ်နေတာကြောင့် ဂွန်ဇာလိုဂါစီယာ ကို ခေါ်ယူ နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းက ဂွန်ဇာလိုဂါစီယာ အတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၄၀ ပေးချေ ရမှာဖြစ်ပြီး ပွဲအရေအတွက်အပေါ်မူတည်ကာ အပိုဆုကြေး ယူရို ၂ သန်း ထပ်မံပေးချေရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြား အသင်းထံ ပြန်လည်ရောင်းထုတ်ခဲ့မယ်ဆိုရင် အကျိုးအမြတ်ရဲ့ (၃၀)ရာခိုင်နှုန်းကို ရီးရဲလ်အသင်းထံသို့ ပေးအပ်ရမှာ ဖြစ်ပါတယ်။(NVS 008)
31 Jul