“တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က သြဂုတ်လတွင် ပူးတွဲလေကြောင်းလေ့ကျင့်မည်”
31 Jul
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် "Falcon Strike-၂၀၂၆" အမည်ရ ပူးတွဲလေတပ်လေ့ကျင့်မှုကို ထိုင်းနိုင်ငံ၌ သြဂုတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၃၀ ရက်၌ ကြေညာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် လေယာဉ် အမျိုးအစားများစွာနှင့် အစင်းရေများစွာကို အဆိုပါလေ့ကျင့်မှုအတွက် စေလွှတ်မည်ဟု တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်း က ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးက လေကြောင်းရန်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန် က ဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါပူးတွဲလေ့ကျင့်မှုမှာ နှစ်နိုင်ငံလေတပ်များအကြား ကိုးကြိမ်မြောက် လေ့ကျင့်ခြင်းအစီအစဉ်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအစဉ်အလာနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား ပိုမို နက်ရှိုင်းစေရန် ရည်ရွယ်သည်ဟုလည်း ကျန် က ပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)