“ငလျင်အကြောင်း လက်တွေ့သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကျင်းပမည်”

31 Jul

ငလျင်အကြောင်း ပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာ တုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့် သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လတွင် မြန်မာနိုင်ငံငလျင်ကော်မတီမှ ဦးစီးကျင်းပသွား မည်ဖြစ်ကြောင်း သိရပါတယ်။ Earthquake Bootcamp 2026 ကို ဩဂုတ်လ ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်) လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့၌ ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ Earthquake Bootcamp အတွင်း မြေငလျင်အသိပညာ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေး၍ အတွေ့အကြုံနှင့် အသိပညာများကို သင်ယူလိုသူများ အသက်အရွယ်အကန့်အသတ်မရှိ လျှောက်ထားနိုင်ပြီး ယခင် အတွေ့အကြုံရှိရန် မလိုအပ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ၊ ကြိုတင်ပြင်ဆင်နိုင်မှုနှင့် တုံ့ပြန်ဆောင်ရွက် နိုင်မှု စွမ်းရည်များကို မြှင့်တင်လိုသူ လူငယ်များအတွက် Earthquake Bootcamp 2026 သို့ပါဝင်ရန် ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားသူလူငယ်များအားလုံး (https://forms.gle/deo4yo3w8XtdC8Em6) registration link တွင် စာရင်းပေး သွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

31 Jul

ADVERTISE HERE .