“အေစီမီလန်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေ လီယာအို”

31 Jul

မီလန်မြေကို စွန့်ခွာတော့မယ်လို့ဆိုထားတဲ့ အေစီမီလန်တောင်ပံကစားသမား လီယာအို ရဲ့ အနာဂတ်ဟာ အခုချိန်ထိ မရေရာဖြစ်နေကြောင်း အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်နာမည်ကြီးကလပ် မန်ယူအသင်းက ပစ်မှတ်ထားနေတဲ့အပြင် တူရကီကလပ်တွေဖြစ်တဲ့ ဖီနာဘာချီအသင်းနဲ့ ဂါလာတာစာရေးအသင်းတို့ကလည်း စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်အထိ လီယာအို အတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးမှ မရှိသေးကြောင်း အေစီမီလန်အသင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အေစီမီလန်ဥက္ကဋ္ဌ ကာဒီနာလီ က လီယာအို အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင် အလိုရှိနေပြီး သူတို့ရဲ့ကစားသမားကို အငှားနဲ့ခေါ်ယူခွင့်ပြုသွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အေစီမီလန်နည်းပြသစ် အမော်ရင်မ်ကတော့ အခုအချိန်မှာ လီယာအိုက အသင်းရဲ့အဓိက ကစားသမားဖြစ်ကြောင်း၊ သူကိုယ်တိုင် ကစားသမားနဲ့ စကားပြောသွားမယ်လို့ ပြောကြားထားပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ လီယာအို ဟာ အေစီမီလန်အသင်းကို ၂၀၁၉ ခုနှစ်က ရောက်လာသူဖြစ်ပြီး စီးရီးအေသွင်းဂိုး ၆၄ ဂိုး သွင်းယူခဲ့ပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .