“အက်ဒီဟောင်းနဲ့ နယူးကာဆယ်အသင်းတို့ လမ်းခွဲရန် နီးစပ်နေ”

31 Jul

နည်းပြ အက်ဒီဟောင်းနဲ့ နယူးကာဆယ်အသင်းတို့ လမ်းခွဲရန် ပိုမိုနီးစပ်လာကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အက်ဒီဟောင်းနဲ့ နယူးကာဆယ်အသင်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီးနောက် အဆင်မပြေမှုများ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ အက်ဒီဟောင်း အနေနဲ့ နယူးကာဆယ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ပြီးခဲ့တဲ့လပိုင်းကတည်းက နယူးကာဆယ်အသင်းက ထွက်ရန်ကြိုးပမ်းခဲ့သူဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြ ပါတယ်။ နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၂)နေရာမှာသာ ရပ်တည် နိုင်ခဲ့ပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ အက်ဒီဟောင်း အနေနဲ့ နယူးကာဆယ်အသင်းကို ၂၀၂၃-၂၄၊ ၂၀၂၅-၂၆ ရာသီတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .