“ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ လာခရော် ကို ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်း”

31 Jul

ချဲလ်ဆီးအသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ်နောက်ခံကစားသမား လာခရော် ကို ခေါ်ယူခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် လာခရော် အတွက် ချဲလ်ဆီးအသင်းအသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၂ သန်း ဖြစ်ပြီး ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ လာခရော်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနည်းပြသစ် အလွန်ဆို အနေနဲ့ ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတဲ့ ခံစစ်အတွက် လာခရော် ကိုခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရခဲ့ပြီး နောက် အလွန်ပျော်ရွှင်ရကြောင်း လာခရော် က ပြောကြားခဲ့ပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .