“ဖီဖာ ရဲ့ ရှယ်ယာရောင်းချမယ့်အစီအစဉ်ကို UEFA နဲ့အတူ ကွန်ကာကပ်ဖ် ကလည်း ကန့်ကွက်ကြောင်း ကြေညာ”

31 Jul

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ရှယ်ယာရောင်းချမယ့်အစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နဲ့အတူ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဖီဖာက ကမ္ဘာ့ဖလားအပါအဝင် ဖီဖာက ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲတွေရဲ့ ရှယ်ယာကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ သူတွေဆီ ရောင်းချဖို့ အဆိုပြုခဲ့တာဖြစ်ပြီး ဖီဖာအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ် ပိုမိုရရှိလာစေဖို့ဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုလိုရောင်းချလိုက်မယ်ဆိုရင် စီးပွားရေးအကျိုးအမြတ်အတွက် ဦးတည်လာမှာဖြစ်တာကြောင့် လက်မခံနိုင်ကြောင်း UEFA က ကြေညာခဲ့သလို၊ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဖီဖာအနေနဲ့ အဆိုပြုမှု များကို မရုပ်သိမ်းမချင်း ဖီဖာကကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။ မြောက်အမေရိက၊ ကာရစ်ဘီယန်နဲ့ ဗဟိုအမေရိကနိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ကာကပ်ဖ်ဘောလုံး အဖွဲ့ချုပ်ကလည်း အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဖီဖာရဲ့ အဆိုပြုမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .