“နေပြည်တော်ရှိ ဂရန်မြေပိုင်ရှင်များ မြေငှားရမ်းခကြွေးကျန်များကို ၂၀၂၇ ခုနှစ်မတ်လ ၁၅ ရက်နောက်ဆုံးထား ပေးသွင်းရမည်”

31 Jul

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေများမှာ နှစ် ၃၀ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားတဲ့ မြေကွက်များအတွက် ကျသင့်တဲ့ နှစ်စဉ်မြေငှားရမ်းခများနှင့် ကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက်နောက်ဆုံးထားကာ ပေးသွင်းကြရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန် ပါတယ်။ နှစ် ၃၀ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားတဲ့ မြေကွက်များအတွက် နှစ်စဉ်မြေငှားရမ်းခများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံလျက်ရှိ ပေမယ့် အချို့သော ဂရန်မြေပိုင်ရှင်များက ပေးသွင်းရန် ပျက်ကွက်နေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၅၁/၂၀၁၆) အရ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေကွက်များအား မြေစီမံခန့်ခွဲခြင်းဆိုင်ရာစည်းကမ်းများ၊အပိုဒ်၃(ည)တွင် ကော်မတီမှသတ်မှတ်ထားသော မြေငှားခ(သို့မဟုတ်) မြေငှားစာချုပ်ပါ မြေငှားခ(သို့မဟုတ်)မြေအသုံးပြုခအား မပျက်မကွက် ပေးဆောင်ရမည်ဟူ၍ ဖော်ပြထားသဖြင့် မြေငှားရမ်းခကျသင့်ငွေများကို မပျက်မကွက်ပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ခြင်းမရှိပါက သတ်မှတ်စည်းကမ်း များနှင့်အညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်(၃၀) ဂရန်ထုတ်ယူထားသူများအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အထိ ကျန်ရှိနေတဲ့ မြေငှားရမ်းခကြွေးကျန်များနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကျသင့်တဲ့ မြေငှားရမ်းခ များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများသို့ မပျက်မကွက် ဆက်သွယ်ပေးသွင်းကြရန် အသိပေးကြေညာထားပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .