“မြန်မာဘာသာနဲ့ စာမူများ တင်သွင်းနိုင်တဲ့ A Tapestry of Personal Stories စာမူများဖိတ်ခေါ်”

31 Jul

Towards Empathy Project ၏ အစီအစဉ်တစ်ခုဖြစ်တဲ့ A Tapestry of Personal Stories ကိုယ်ပိုင်ဇာတ်လမ်း များအတွက် မြန်မာဘာသာဖြင့် ရေးသားထားသော စာမူများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစာမူဖိတ်ခေါ်ပွဲမှာ မြန်မာဘာသာဖြင့် ရေးသားသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကဗျာ၊ ဝတ္ထုတို၊ အက်ဆေးနှင့် ရိုးရာပုံပြင် ဟူသည့် စာပေအမျိုးအစား ၄ မျိုးကို လက်ခံသွားမှာဖြစ်ပါတယ်။ တင်သွင်းတဲ့ စာမူများက ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် စိတ်ကူးယဉ်ဖန်တီးထားတဲ့ မူရင်းလက်ရာများဖြစ်ရမှာဖြစ်ပြီး ရွှေ့ပြောင်း နေထိုင်မှု၊ ကိုယ်ပိုင်အမှတ်သညာ၊ ကျား/မကွဲပြားစုံလင်မှု၊ မျိုးဆက်များ၏အတွေ့အကြုံ၊ ပညာရေး၊ လူမှုအသိုက် အဝန်းနှင့် စာနာနားလည်မှုစတဲ့ အကြောင်းအရာများကို အခြေခံရမှာဖြစ်ပါတယ်။ ပါဝင်လိုသူများအနေနဲ့ စာမူများ ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နောက်ဆုံးထား၍ empathyyangon@ goethe.de သို့ အီးမေးလ်မှတစ်ဆင့် ပေးပို့လျှောက်ထားရမည် ဖြစ်ပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .