“သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်း အခမဲ့လျှောက်လွှာခေါ်ယူ”

31 Jul

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာ နိုင်ငံကိုယ်စားလှယ်ရုံး(DHCC)တို့ ပူးပေါင်းဖွင့်လှစ်မည့် သရက်သီးစိုက်ပျိုးရေးနည်းပညာသင်တန်းအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို သင်တန်းကြေး အခမဲ့နဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်မှ ၄ ရက်အထိ မန္တလေးမြို့ရှိ MRCCI ရုံးမှာ ကျင်းပမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများအနေဖြင့် သင်တန်းကာလတစ်လျှောက် အချိန်ပြည့် တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူများအနေနဲ့ သတ်မှတ်လျှောက်လွှာပုံစံကို ဖြည့်စွက်၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားကာ MRCCI ရုံးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .