“ဗဟိုဘဏ်က CMP ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရောင်းချပေးခဲ့”c

31 Jul

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားတဲ့ နိုင်ငံခြားငွေများအနက် အမေရိကန် ဒေါ်လာ သုံးသိန်းကျော်ကို CMP ကုမ္ပဏီများသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် FX Tradingမှာ သွင်းကုန်ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ရာ ဆေးနှင့်ဆေးဝါး ကုန်ကြမ်း ပစ္စည်းကဏ္ဍမှ ၁၇ ရာခိုင်နှုန်း၊ စက်သုံးဆီကဏ္ဍမှ ၁၆ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍမှ ၁၄ ရာခိုင်နှုန်း၊ တိရစ္ဆာန် အစာကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးကုန်စည်ကဏ္ဍမှ ၁၀ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊ စားသုံးဆီ တင်သွင်းမှုကဏ္ဍမှ ၅ ရာခိုင်နှုန်း၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၂ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်းနှင့် အခြားကုန်ပစ္စည်းများ/Non Trade Transaction များမှ ၁၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးနှင့် မရှိမဖြစ်လိုအပ်သော သွင်းကုန်ကဏ္ဍများ၏ နိုင်ငံခြားငွေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် FX Trading အစီအစဉ်မှတစ်ဆင့် နိုင်ငံခြားငွေများကို ဆက်လက်စီမံခန့်ခွဲပေးလျက်ရှိပါတယ်။ (NVS 008)

31 Jul

ADVERTISE HERE .