“မန်စီးတီးဂိုးသမား ထရက်ဖို့ဒ် ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ့် လိဒ်စ်အသင်း”

30 Jul

လိဒ်စ်အသင်းဟာ မန်စီးတီးအသင်းက အင်္ဂလန်လူငယ်ဂိုးသမား ထရက်ဖို့ဒ် ကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လိဒ်စ်အသင်းအနေနဲ့ ထရက်ဖို့ဒ် အတွက် ကလပ်စံချိန်တင်ကြေးအဖြစ် ကနဦးပေါင်သန်း ၄၀ ပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေးလည်း ပါဝင်နေပါတယ်။ ထရက်ဖို့ဒ် ကို နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ အသင်းတွေကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ထရက်ဖို့ဒ် ဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ကစားသမား နေရာအတွက် အခွင့်အလမ်းနည်းပါးလို့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းသို့ ပြန်လည်ရောက်ရှိလာတဲ့ ထရက်ဖို့ဒ် အနေနဲ့ ပရီးမီးယားလိဂ် လေးပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ထရက်ဖို့ဒ် ဟာ မန်စီးတီးအသင်းမှာ ပြည်တွင်းဖလားပွဲတွေသာ ပွဲထွက်ကစားခဲ့ရပြီး FA ဖလား နဲ့ လိဂ်ဖလားတွေ ရယူပေးခဲ့ပါတယ်။ (NVS 008)

30 Jul

ADVERTISE HERE .