“ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန် ကိုလည်း စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးအသင်း”

30 Jul

ချဲလ်ဆီးအသင်းဟာ အင်္ဂလန်ဝါရင့်ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ဟန်ဒါဆန် ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသူဖြစ်ပေမယ့် ဘရန့်ဖို့ဒ်အသင်းက ဟန်ဒါဆန် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။ ဟန်ဒါဆန် ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ဘရန့်ဖို့ဒ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာလည်း အံ့အားသင့်ဖွယ် ရွေးချယ်ခံရပြီး တစ်ပွဲ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် မက္ကဆီကိုအသင်းကို အနိုင်ရအပြီး အောင်ပွဲခံရာမှာ မတော်တဆ လက်မောင်းကျိုးခဲ့ရပါတယ်။ (NVS 008)

30 Jul

ADVERTISE HERE .