“အီတလီအသင်းနည်းပြအဖြစ် မန်ချီနီ ကို ပြန်လည်ခန့်အပ်ခဲ့”
30 Jul
အီတလီအသင်းနည်းပြအဖြစ် မန်ချီနီ ကို ပြန်လည်ခန့်အပ်ခဲ့ပြီး ဝါရင့်နည်းပြ ရာနီရေးရီ ကို နည်းစနစ် ဒါရိုက်တာအဖြစ် တာဝန်ပေးခဲ့ပါတယ်။ အီတလီအသင်းဟာ ဂွါဒီယိုလာနဲ့ အန်ဆယ်လော့တီ တို့ကိုချဉ်းကပ်မှု အဆင်မပြေဖြစ်ပြီးနောက် ပီယာလို က ရာထူးအတွက် ရေပန်းစားခဲ့ပေမဲ့ ပီယာလို ဟာ ရုရှားလောင်းကစားကုမ္ပဏီ တစ်ခုရဲ့ သံတမန်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ FIGCက နည်းပြအဖြစ် ခန့်အပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကမှ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က ခန့်အပ်ထားတဲ့ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီ၊ အကြံပေး လီယိုနာဒို တို့လည်း အခုကိစ္စနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌ မာလာဂို နဲ့ အချေအတင်ဖြစ်ခဲ့ပြီး ရာထူးကနေ ပြန်လည်နုတ်ထွက်ခဲ့ပါတယ်။ မန်ချီနီ ဟာ အီတလီအသင်းနည်းပြအဖြစ် ၂၀၃၀ ကမ္ဘာ့ဖလားအထိ တာဝန်ပေးခံခဲ့ ရပါတယ်။ မန်ချီနီ အနေနဲ့ အီတလီအသင်းမှာ တစ်နှစ်ယူရို ၂ သန်းနဲ့ ၂ ဒသမ ၅ သန်းအကြား ရရှိမှာဖြစ်ပါတယ်။ (NVS 008)