“ရိုဒရီ ရဲ့ ကျောဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း အတည်ပြုခဲ့တဲ့ မန်စီးတီးအသင်း”
30 Jul
မန်စီးတီးအသင်းက စပိန်ကွင်းလယ်ကစားသမား ရိုဒရီ ရဲ့ ကျောဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ရိုဒရီ ဟာ ၂၀၂၄ ခုနှစ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြန်ပြနိုင်ခဲ့တဲ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားဆုရရှိတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အသက် ၃၀ ရှိပြီဖြစ်တဲ့ ရိုဒရီ ကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ချိန်ရွယ်နေပြီး ရိုဒရီကလည်း ရီးရဲလ်အသင်းမှာ ကစားဖို့ဆန္ဒရှိနေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ရိုဒရီကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ (NVS 008)
30 Jul