“သယ်ယူပို့ဆောင်ရေး နည်းလမ်းစုံပေါင်းစပ်ခြင်း ကျွမ်းကျင်မှုအသိအမှတ်ပြုသင်တန်းဖွင့်လှစ်မည်”
30 Jul
ကုန်စည်ပို့ဆောင်ရေး(Logistics)နှင့် ကုန်သွယ်မှုကဏ္ဍတို့မှာ သယ်ယူပို့ဆောင်ရေးနည်းလမ်းများ ပေါင်းစပ် အသုံးပြုခြင်းကို နားလည်စေမယ့် သင်တန်းတစ်ခုဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ASEAN ဒေသတွင်း ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လော့ဂျစ်စတစ် (Trade, Transport & Logistics) ကဏ္ဍဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MMMDA နှင့် Aim Forward Training Center တို့ ပူးပေါင်း၍ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းကို ASEAN အဆင့် အသိအမှတ်ပြု ASEAN Logistics Institute(ALI)ရဲ့သင်ရိုးညွှန်းတမ်းများကို အခြေခံထားပြီး ယခုလကုန်ဇူလိုင်လ ၃၁ ရက်မှစတင်၍ Park Royal Hotel မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သင်တန်းမှာ Multimodal Transport ၏ အခြေခံသဘောတရား (Concept)များ သယ်ယူပို့ဆောင်ရေး အမျိုးအစားများ(Transport Modes)ကို ထိရောက်စွာ ပေါင်းစပ်အသုံးပြုပုံ Logistics နှင့် Supply Chain လုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုများ လက်တွေ့လုပ်ငန်းခွင် မှာ တိုက်ရိုက်အသုံးချနိုင်မည့် အခြေခံကျသော အသိပညာနှင့်နည်းဗျူဟာများ ပါဝင်မယ်လို့ သိရပါတယ်။ (NVS 008)