“ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် အိန္ဒိယသံရုံးက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း”

30 Jul

ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ India Center မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ရွှေရတုတိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋက ပါဠိပါရဂူမော်ကျွန်းဆရာတော်ကြီး ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ အမှူးပြုသော ဆရာတော်အရှင်သူမြတ်တို့ကို အိန္ဒိယသံရုံးမှ တာဝန်ရှိသူများက ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်၊ သီတဂူ အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်နှင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊ ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

30 Jul

ADVERTISE HERE .