“ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေ”
30 Jul
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သိရပါတယ်။ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှာ ကျရောက်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်ပွဲတော်အမီ ပြန်လည်မွမ်းမံပြင်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်၍ ခေတ္တပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများနှင့် နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အများပြည်သူဆိုင်ရာ အခမ်းအနားများကျင်းပခြင်းကို ကန့်သတ်ထားခဲ့တာ ဖြစ်ပြီး ယခု ၆ နှစ်ကျော်ကြာပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေခြင်းဖြစ်ပါတယ်။ (NVS 008)
30 Jul