“ဖလမ်းမြို့ရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်”
30 Jul
ချင်းပြည်နယ် ဖလမ်းမြို့ရှိ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများကို ဇူလိုင်လ ၂၇ ရက်မှာ အိမ်အမိုးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာတဲ့ နေအိမ်များပျက်စီးဆုံးရှုံးခဲ့ကြသော ဒေသခံပြည်သူများအတွက် အိမ်မိုးသွပ်ပြားအချပ် ၁,၂၀၀ နှင့် အခြေခံပညာကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ ၃,၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံ၍ မြို့မိမြို့ဖများက ဖလမ်းမြို့ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကိုတင်ပြကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)