“ပြင်သစ်အသင်းနည်းပြအဖြစ် ဂန္ထဝင်ကစားသမား ဇီဒန်းကို အတည်ပြုခန့်အပ်”

29 Jul

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဂန္ထဝင်ကစားသမား ဇီဒန်း ကို ခန့်အပ်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် နည်းပြ ဇီဒန်း က ပြင်သစ်အသင်းနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နည်းပြ ဇီဒန်း အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်တာဝန်ယူခဲ့ပြီးနောက် အသင်းမှာထွက်ခွာခဲ့ကာ ဘောလုံးလောကနဲ့ ကင်းကွာနေခဲ့တာဖြစ်ပါတယ်။ နည်းပြ ဇီဒန်း ဟာ ပြင်သစ်ဂန္ထဝင်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသင်းကို ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်အောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ နည်းပြ ဇီဒန်း အနေနဲ့ ပွဲဦးထွက်အဖြစ် စက်တင်ဘာလ ၁၅ ရက်မှာ တူရကီ အသင်းနဲ့ Nations League ပွဲကို စတင်ကိုင်တွယ်ရမှာဖြစ်ပါတယ်။(NVS 008)

29 Jul

ADVERTISE HERE .