“ပီအက်စ်ဂျီအသင်းက တိုက်စစ်ကစားသမား ဒမ်ဘီလီ အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ လုပ်ဆောင်”

29 Jul

ပီအက်စ်ဂျီအသင်းက အသင်းမှအဓိကတိုက်စစ်ကစားသမား ဒမ်ဘီလီ အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်နေပြီး သဘောတူညီမှုရရှိနိုင်ရန် နီးစပ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒမ်ဘီလီ အနေနဲ့ ၂၀၂၃ ခုနှစ်မှာ ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် အသင်းနှင့်အတူ ပထမဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပွဲစဉ်အနည်းငယ်သာ ပါဝင်ခဲ့ သော်လည်း နောက်ပိုင်းဘောလုံးရာသီတွေမှာ ထိပ်တန်းအဆင့်ရှိခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပီအက်စ်ဂျီအသင်း နှစ်ကြိမ်ဆက် ချန်ပီယံဆုဖလားဆွတ်ခူးရာတွင် အဓိကကစားသမား အဖြစ် ပါဝင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

29 Jul

ADVERTISE HERE .