“ယူရို ၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အသင်းများ တိုက်ရိုက်ဝင်ခွင့်ရရှိမည်မဟုတ်ဘဲ ခြေစစ်ပွဲကစားရမည်”
29 Jul
လာမည့် ယူရို ၂၀၂၈ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နှင့် အိုင်ယာလန် အသင်းများအနေနဲ့ တိုက်ရိုက်ဝင်ခွင့်ရရှိမှာမဟုတ်ဘဲ ခြေစစ်ပွဲစဉ်များ ကစားရမှာဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံများအနေဖြင့် ခြေစစ်ပွဲကစားရန်မလိုဘဲ တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ကြသော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းသစ်များအရ ယူရိုပြိုင်ပွဲတွင် ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပမည်ဆိုပါက ခြေစစ်ပွဲကစားရမှာဖြစ်ပါတယ်။ လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် စပိန်အသင်း၊ ပေါ်တူဂီအသင်းနှင့် မော်ရိုကိုအသင်း တို့က လက်ခံကျင်းပမှာဖြစ်ပြီး အဆိုပါအိမ်ရှင် သုံးနိုင်ငံအနေဖြင့် တိုက်ရိုက်ဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။ (NVS 008)
29 Jul