“၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုကို ကိတ်ဗာဒီအသင်းမှ ကာဘရယ် ဆွတ်ခူး”
29 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုကို အာဂျင်တီးနားအသင်းမှ မက်ဆီ နှင့် ပြင်သစ်အသင်းမှ အမ်ဘတ်ပီ တို့ကိုကျော်ဖြတ်ပြီး ကိတ်ဗာဒီအသင်းမှ ကာဘရယ် က ဆွတ်ခူးခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကာဘရယ် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနှင့် ကိတ်ဗာဒီအသင်းတို့ပွဲစဉ်မှ သွင်းဂိုးဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းက ကိတ်ဗာဒီ အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၌ ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး အချိန်ပို ၁၃ မိနစ်တွင် ကာဘရယ် က အာဂျင်တီးနားအသင်း ဂိုးဧရိယာထိပ်တွင် ကွင်းလယ်ကစားသမား မက်အဲလစ္စတာ ကို အကောင်းဆုံးကျော်ဖြတ်ကာ အဝေးကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် ၎င်းသွင်းဂိုးဖြင့် အကောင်းဆုံးသွင်းဂိုးဆုဖြစ်သည့် Hyundai Goal of the Tourament ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)