“ကိုလိုကိုလိုအသင်းမှာ ဗော်ဇင်ညာ တစ်လဒေါ်လာ ၂၅,၀၀၀ ရရှိမည်”

28 Jul

ချီလီကလပ် ကိုလိုကိုလိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကိတ်ဗာဒီဂိုးသမား ဗော်ဇင်ညာ ဟာ တစ်လဒေါ်လာ ၂၅,၀၀၀ ရရှိမယ်လို့ သိရပါတယ်။ ဗော်ဇင်ညာ ဟာ ပေါ်တူဂီဒုတိယတန်းကလပ် ချာဗက်စ်အသင်းမှာ ကစားခဲ့တုန်းက တစ်လဒေါ်လာ ၉,၀၀၀ သာ ရရှိခဲ့ပါတယ်။ ဗော်ဇင်ညာ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာပဲ ချာဗက်စ်အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ကလပ်အသင်းလက်မဲ့ကစားသမားအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဗော်ဇင်ညာ ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်စွမ်းပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့သလို၊ ကိုလိုကိုလိုအသင်းကလည်း ခေါ်ယူစာချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗော်ဇင်ညာ က မိမိအနေနဲ့ ဘောလုံးကိုချစ်တာကြောင့် အသက် ၄၀ အထိ ကစားနေခြင်းဖြစ်ကြောင်းနဲ့ နောက်ထပ် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် ဆက်ကစားသွားလိုသေးကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို စျေးကွက် သဘောအရမဟုတ်ဘဲ ဘောလုံးသမားတစ်ယောက်အဖြစ် စိတ်ဝင်စားတဲ့အသင်းနဲ့သာ စာချုပ်ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .