“ဒီယိုမန်ဒီကို ၂၀၃၁ အထိ စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတဲ့ ရီးရဲလ်အသင်း”

28 Jul

ရီးရဲလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းက အိုင်ဗရီကို့စ်တောင်ပံကစားသမား ဒီယိုမန်ဒီ ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ ဒီယိုမန်ဒီ ကို ခေါ်ယူဖို့ PSG နဲ့ လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားခဲ့ကြပြီး ကမ်းလှမ်းမှုအားလုံးကို လိုက်ပ်ဇစ်အသင်းက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ ဇွန်လအတွင်း ပေါင် ၆၉ သန်းနဲ့ ကမ်းလှမ်းခဲ့သလို၊ PSG အသင်းကလည်း ဇူလိုင်လ ၂၆ ရက်က ပေါင် ၁၀၂ ဒသမ ၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ ရီးရဲလ်အသင်းရဲ့ ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခံခဲ့ရပေမယ့် ရီးရဲလ်အသင်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရီးရဲလ်အသင်းက လိုက်ပ်ဇစ်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆက်လက် ညှိနှိုင်းဖို့သာ ကျန်ရှိတော့တာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းက ယူရိုသန်း ၁၃၀ အထိ အလိုရှိနေကြောင်း သိရပါတယ်။ လိုက်ပ်ဇစ်အသင်းက ဒီယိုမန်ဒီ ကို ပြီးခဲ့တဲ့နွေရာသီမှာ လီဟာနက်စ်အသင်းကနေ စာချုပ်လျော်ကြေး ယူရိုသန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .