“ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူ အကီတိုဆိုင်တို ကို ခေါ်ယူခဲ့တဲ့ ရတနာပုံအသင်း”
28 Jul
ရတနာပုံအသင်းဟာ ၃ ဦးမြောက် ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူ အကီတိုဆိုင်တိုကို ခေါ်ယူ လိုက်ကြောင်း သိရပါတယ်။ ရတနာပုံအသင်းဟာ အသက် ၂၆ နှစ်အရွယ် ဂျပန်နောက်ခံလူ အကီတို ရဲ့ စာချုပ်သက်တမ်းကို မဖော်ပြခဲ့ဘဲ တစ်ရာသီသက်တမ်းသာ ဖြစ်ဖွယ်ရှိနေပါတယ်။ အကီတို ဟာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ဂျပန်၊ အာမေးနီးယား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်းကလပ်အသင်းများစွာမှာ ကစားဖူးသူဖြစ်သလို AFC Champions League နဲ့ AFC Champions League Two ပြိုင်ပွဲများ ကစားဖူးတဲ့ အတွေ့အကြုံရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ ဂျပန်နောက်ခံလူ အကီတိုမတိုင်မီ ဂါနာနောက်ခံလူ ဖော်စတာနဲ့ ဂီနီတိုက်စစ်မှူး တိုရေးတို့ကို ခေါ်ယူထားပါတယ်။ ဒါ့အပြင် ရတနာပုံအသင်းဟာ လာမယ့်ရာသီအတွက် ပြည်တွင်းကစားသမားသစ်များအဖြစ် သက်ပိုင်ထွေး၊ သီဟထက်အောင်၊ ဆွမ်လမန်၊ မိုးဆွေ၊ သန်းတိုးအောင်၊ အောင်ကျော်အေး၊ ဟိန်းသက်ဖြိုး၊ ဈာနေယျသူ၊ ဇော်ထက်အောင်၊ ပြည့်ဖြိုးအောင်၊ ခန့်မင်းသန့်၊ သူရိန်ထွန်း၊ ထက်ဖြိုးဝေတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ (NVS 008)