“ဆာလာ ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ဘက်ဆစ်တက်အသင်းဥက္ကဋ္ဌ ပြောကြား”
28 Jul
ဘက်ဆစ်တက်အသင်းဥက္ကဋ္ဌ ဆာဒယ်လ်အဒါလီ က ဆာလာ ကို ခေါ်ယူဖို့ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ဆာလာ ရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ က လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဆာလာကို ခေါ်ယူဖို့ ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် ဆာလာ က ဥရောပမှာ ဆက်ကစားချင်သေးတာကြောင့် ဘက်ဆစ်တက်အသင်းကို ဦးစားပေး ရွေးချယ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ဘက်ဆစ်တက်အသင်းက ဆာလာ ကို အပိုဆုကြေး အပါအဝင် တစ်နှစ်ကို ယူရိုသန်း ၂၀ ဝန်းကျင်နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားခြင်းဖြစ်ပါတယ်။ (NVS 008)
28 Jul