“ဗင်နီစီယပ်စ်အတွက် ယူရိုသန်း ၁၆၀ အောက်နဲ့ ကမ်းလှမ်းပါက လက်ခံစဉ်းစားမှာ မဟုတ်တဲ့ ရီးရဲလ်အသင်း”

28 Jul

ရီးရဲလ်အသင်းက ဗင်နီစီယပ်စ် အတွက် ယူရိုသန်း ၁၆၀ အောက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဗင်နီစီယပ်စ် နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိ တော့တာကြောင့် သက်တမ်းမတိုးနိုင်ခဲ့ပါက ရောင်းထုတ်ဖို့ စီစဉ်ထားပေမယ့် ပြောင်းရွှေ့ကြေးကိုတော့ အနည်းဆုံး ယူရိုသန်း ၁၆၀ ရရှိဖို့ လိုလားနေပါတယ်။ ဗင်နီစီယပ်စ် ကို ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့စောင့်ကြည့်နေကြသလို လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းတွေထွက်ပေါ်နေကာ အာဆင်နယ်အသင်းက တိုက်စစ်ပိုင်းအတွက် ကမ္ဘာ့အဆင့်ကစားသမား ခေါ်ယူဖို့ ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ဗင်နီစီယပ်စ်ကို ရီးရဲလ်အသင်း မှာရရှိနေတဲ့ လစာနှုန်းထားထက် ပိုမိုတဲ့ပမာဏနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .