“သားဖွားမီးယပ်အရေးပေါ်အခြေအနေများမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရေး Webinar ကျင်းပမည်”

28 Jul

ဆေးရုံ၊ ဆေးခန်းများနှင့်ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများမှာ လျှင်မြန်တိကျသော ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးအတွက် ရည်ရွယ်တဲ့အွန်လိုင်း Webinar ကို ဇူလိုင်လ ၃၀ ရက်မှာ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ သိရပါတယ်။ အဆိုပါ "Decision-Making on Obstetric Emergencies for Nurses and Midwives in Clinical Settings" အွန်လိုင်း Live Webinar ကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှဦးစီး၍ ဇူလိုင်လ ၃၀ ရက်ပိုင်းမှာ Z-waka Application နှင့် Zoom Platform တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပသွားမည်ဖြစ်ပါတယ်။ Webinar မှာ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က အန္တရာယ်မြင့်ကိုယ်ဝန်ဆောင် များကို ရပ်ရွာအဆင့်တွင် စောစီးစွာသတ်မှတ်ခြင်း၊ မွေးဖွားရေးအစီအစဉ်ရေးဆွဲခြင်းနှင့် လွှဲပြောင်းကုသရန် ဆုံးဖြတ် ချက်ချခြင်းဆိုင်ရာ အကြောင်းအရာများ၊ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ပန်းအိခိုင်က Pre-eclampsia နှင့် Eclampsia လူနာများ၏ ရောဂါပြင်းထန်မှု အကဲဖြတ်ခြင်း၊ သူနာပြုစောင့်ရှောက်မှုနှင့် Case-Based Clinical Decision-Making ဆိုင်ရာအတွေ့အကြုံများ၊ အထက်တန်းသူနာပြု ဒေါ်ဆွေစိုးမာက Placenta Previa လူနာများ၏ အကဲဖြတ်ခြင်းနှင့် ဆေးရုံအတွင်း သူနာပြုစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို အသီးသီး ဆွေးနွေးပို့ချပေးသွားမယ်လို့ သိရပါတယ်။ တက်ရောက်လိုသူများအနေနဲ့ Z-waka Application မှတစ်ဆင့်ဖြစ်စေ၊ Zoom QR Code၊ Zoom ID နှင့် Passcode သို့မဟုတ် Zoom Link ကို အသုံးပြု၍ဖြစ်စေ ကြိုတင်စာရင်းသွင်း တက်ရောက်နိုင်ပြီး CPD (3) Points ရယူလိုပါက KBZPay မှတစ်ဆင့် ငွေကျပ် ၃,၀၀၀ ပေးသွင်းကာ ငွေလွှဲပြေစာကို သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်သို့ ပေးပို့ရမှာဖြစ်ကြောင်းနှင့် Z-waka Application အသုံးပြုရာတွင် အခက်အခဲရှိပါက ရုံးဖုန်း ၀၉-၄၂၄၅၉၆၃၀၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီက အသိပေးထုတ်ပြန် ထားပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .