“ရန်ကုန်မြို့မှာ ရေပေးဝေစဉ် ရေအားနည်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ရန်ကုန်စည်ပင်တောင်းပန်”

28 Jul

ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့သို့ ရေဖြန့်ဖြူးပေးနေတဲ့ လှော်ကားရေလှောင်ကန်နှင့် ငမိုးရိပ်ရေသန့်စင် စက်ရုံ(ညောင်နှစ်ပင်)တို့မှာ ဇူလိုင်လ ၂၆ ရက်က လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်ခဲ့ပြီး ရေတွန်းစက်ကြီးများ ခေတ္တရပ်နားခဲ့ရသဖြင့် ရေဖြန့်ဖြူးချိန်အတွင်း ရေအားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒလမြို့နယ်သို့ ရေပေးဝေနေတဲ့ ရန်ကုန်ပေါက် ရေပေးဝေရေးစခန်းဇုန် ၁၀ မှာလည်း မိနစ် ၂၅ ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့မှုကြောင့် ရေပို့ပိုက်လိုင်းများအတွင်း ရေအားလျော့နည်းခဲ့ရပါတယ်။ အဆိုပါ ရေအားလျော့နည်းမှုအခက်အခဲများအတွက် သုံးစွဲသူပြည်သူများကို တောင်းပန်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ထုတ်ပြန်ထားပြီး ရေသုံးစွဲရန် အခက်အခဲရှိပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .