“စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်း များကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူ”

28 Jul

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်နဲ့ လုပ်ကိုင်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပါဓာတ်ခွဲခန်းများက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ပဲခူးလမ်းမကြီး ဘေးမှာ တည်ရှိပြီး ပို့ကုန်လယ်ယာထွက်ကုန်များနှင့် စားသုံးဆီများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးလျက် ရှိပါတယ်။ ဌာနအနေနဲ့ ဓာတ်ခွဲခန်းများ၏ နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ရရှိရေး၊ 17025 လက်မှတ်ရရှိရေး၊ ပို့ကုန်၊ သွင်းကုန်များ၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပိုမိုထိရောက်စေရေးနှင့် စီးပွားဖြစ်တွက်ခြေ ကိုက်မှု မြှင့်တင်နိုင်ရေးတို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ကုမ္ပဏီများအနေနဲ့ EOI ပုံစံကို www.doca.gov.mm မှာ ရယူ၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ ဘဏ္ဍာရေးအထောက်အထား စတဲ့လိုအပ်သည်များကို ပူးတွဲကာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရုံးချိန် မတိုင်မီ နေပြည်တော်ရှိစားသုံးသူရေးရာဦးစီးဌာနသို့ဖြစ်စေ၊ အီးမေးလ် [email protected] သို့ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 008)

28 Jul

ADVERTISE HERE .