“အစ္စရေးစစ်တပ်က သဘောတူညီချက်ချိုးဖောက်၍ လက်ဘနွန်စစ်တပ်က စမ်းသပ်ဒေသ၌ ဖြန့်ကြက်နေရာ ချထားမှုကို အတားအဆီးဖြစ်စေကြောင်း လက်ဘနွန်စစ်တပ်ဆို”
27 Jul
အစ္စရေးသည် ရှိရင်းစွဲသဘောတူညီချက် အစီအစဉ်များကို ဆက်တိုက်ချိုးဖောက်ကာ လက်ဘနွန်စစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသ၌ ဖြန့်ကြက်နေရာချထားမှုကို တားဆီးပြီး နယ်စပ်ဒေသ ကျေးရွာဒေသခံ ပြည်သူ များ နေရပ်ပြန်ခြင်းလုပ်ငန်းစဉ်ကို နှောင့်နှေးစေကြောင်း လက်ဘနွန်နိုင်ငံ အစိုးရစစ်တပ်က ဇူလိုင်လ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်သည် ဒေသအများအပြား၌ ဖျက်ဆီးရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ လူနေအိမ် ဖြိုချဖျက်ဆီးခြင်း၊ ရေပေးဝေရေးအဆောက်အဦ ဖျက်ဆီးခြင်း၊ ရာစုနှစ်ချီ သက်တမ်းရှိသည့် သံလွင်ပင်အား မီးရှို့ ဖျက်ဆီးခြင်း စသည်တို့ ပါဝင်ကြောင်း၊ ထို့ပြင် အစ္စရေးစစ်တပ်က Kfar Tebnit ရွာနှင့် Zawtar al-Gharbiyah စသည့်ဒေသများတွင် လက်ဘနွန်စစ်တပ် ဖြန့်ကြက်နေရာချထားသည့်ဒေသ အနီးတစ်ဝိုက်သို့ ပစ်ခတ်မှုလုပ်ဆောင် ခဲ့ပြီး လက်ဘနွန်စစ်တပ် ဖြန့်ကြက်နေရာချထားရေး လှုပ်ရှားမှုကို နှောင့်ယှက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။ အစ္စရေးစစ်တပ်၏ နှောင့်ယှက်မှုခံရသော်လည်း လက်ဘနွန်စစ်တပ်သည် Zawtar al-Gharbiyah တွင် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများ နေရပ်ပြန်ရေး ကူညီဆောင်ရွက်ပေးကာ ၎င်းတို့ ဘေးကင်းလုံခြုံမှုကို အာမခံပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် Froun မြို့နယ်နှင့် Srifa မြို့နယ်တွင်လည်း ဖြန့်ကြက်နေရာချထားရေး လှုပ်ရှားမှုများကို ဆက်လက်တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာ ချက်က ဖော်ပြထားသည်။ လက်ဘနွန်နိုင်ငံ လုံခြုံရေးဌာန သတင်းရင်းမြစ်ပုဂ္ဂိုလ်နှင့် ဒေသတွင်း မျက်မြင်တွေ့မြင်သူများက အစ္စရေး စစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ Zawtar al-Gharbiyah မှ ဆုတ်ခွာသွားပြီးနောက် လက်ဘနွန်စစ်တပ်သည် ထိုနေ့တွင် အဆိုပါမြို့နယ်သို့ ဝင်ရောက်အခြေစိုက်၍ ကာကွယ်ရေးစခန်းများ အခြေချခဲ့ပြီးဖြစ်သည်ဟု ဇူလိုင်လ ၂၁ ရက်တွင် ဆင်ဟွာသတင်းထောက်အား အတည်ပြုပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အစ္စရေးစစ်တပ် သည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ပထမဆုံးစမ်းသပ်ဒေသမှ စစ်တပ်ဆုတ်ခွာသည့် လှုပ်ရှားမှုကို ထိုနေ့တွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်းကျေးရွာ မြို့နယ်သုံးခု၌ စတင်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စမ်းသပ် ဒေသမှ စစ်တပ်ဆုတ်ခွာသည့် လှုပ်ရှားမှုသည် အမေရိကန်-လက်ဘနွန်-အစ္စရေး သုံးဘက်မူဘောင် သဘောတူညီ ချက်နှင့်အညီ သုံးပွင့်ဆိုင် စစ်ရေးညှိနှိုင်းမှုအဖွဲ့ငယ်၏ ဦးစီးမှုဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ဘနွန်နှင့် အစ္စရေးက ဇူလိုင်လ ၁၄ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံဆွေးနွေးမှု၏ တိုက်ရိုက်ရလဒ်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြထားသည်။ (Repost from Xinhua Myanmar)