“အမေရိကန်စစ်တပ်က ဇူလိုင်လတွင် အီရန်အပေါ် စစ်ပွဲပြန်လည်စတင်ပြီးနောက် လူ ၂၀၀ ကျော် ဒဏ်ရာရရှိ”

27 Jul

ဇူလိုင်လတွင် အမေရိကန်စစ်တပ်က အီရန်အပေါ် စစ်ပွဲပြန်လည်စတင်ပြီးနောက် အမေရိကန်စစ်သည် ၄ ဦး သေဆုံး၍ ၂၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အီရန်စစ်ပွဲတစ်ခုလုံးအတွင်း အမေရိကန်စစ်တပ်၏ စုစုပေါင်းထိခိုက် သေဆုံးသူဦးရေသည် ၆၄၂ ဦးရှိပြီး ၎င်းအနက် ၁၈ ဦးသေဆုံးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၂၆ ရက်တွင်ထုတ်ပြန်သော အမေရိကန်စစ်တပ် ထိခိုက်သေဆုံးမှု စာရင်းကောက်ယူချက်အရ သိရသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးဆိုင်ရာ ထိခိုက်သေဆုံးမှု သုံးသပ်မှုစနစ် ၏ နောက်ဆုံးအချက်အလက်များအရ ဇူလိုင်လ ၂၅ ရက်အထိ အမေရိကန်စစ်တပ်သည် အီရန်အပေါ် လုပ်ဆောင် သည့် မော်ကွန်းတင်ဒေါသမီး စစ်ရေးလှုပ်ရှားမှုကြောင့် စုစုပေါင်းအမေရိကန်စစ်သည် ၁၄ ဦး သေဆုံး၍ ၄၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်စင်တာသည် လတ်တလောရက်ပိုင်းတွင် နိုင်ငံရပ်ခြားလှုပ်ရှားမှု ခြေရာခံခြင်း အမျိုး အစားအား ထပ်တိုးခဲ့ပြီး ဇူလိုင်လ ၇ ရက်မှစ၍ အမေရိကန်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို သီးသန့် စာရင်းကောက်ယူခဲ့သည်။ နောက်ဆုံးအချက်အလက်များအရ ဇူလိုင်လ ၇ ရက်မှ ၂၆ ရက်အထိ အမေရိကန်စစ်သည် ၄ ဦး သေဆုံး၍ ၂၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော် အဆိုပါအသစ်ထပ်တိုးသည့် အမျိုးအစားတွင် သေဆုံးသူ၏ အမည်ကိုသာ ဖော်ပြထားပြီး အချိန်၊ နေရာ၊ ထိခိုက်သေဆုံးရသည့် အကြောင်းရင်းစသည့် အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။ သေဆုံးသူများသည် အသစ်တစ်ကြိမ် အမေရိကန်-အီရန် ပဋိပက္ခ အတွင်း သေဆုံးသည်ဟု အတည်ပြုထားပြီးဖြစ်သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထိခိုက်ဒဏ်ရာ ရရှိသူများသည် အမေရိကန်-အီရန် ပဋိပက္ခနှင့် ပတ်သက်ခြင်းရှိ၊ မရှိကိုမူ အတည်ပြုခြင်းမရှိသေးပေ။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အမေရိကန်စစ်တပ်က အီရန်အား လေကြောင်းတိုက်ခိုက်မှု ယာယီရပ်တန့် ခဲ့သည်။ အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် လက်ကျန် ကျန်ရှိသည့် ပမာဏ၊ စစ်ရေးလှုပ်ရှားမှုရလဒ်နှင့် နိုင်ငံခြားရေး ကြားဝင်စေ့စပ်မှုအတွက် နေရာချန်ပေးခြင်း စသည် တို့သည် အိမ်ဖြူတော်က ပဋိပက္ခအား အဆင့်မြှင့်တင်မှု ယာယီရပ်တန့်ရန်စဉ်းစားသည့် အကြောင်းအချက်များ ဖြစ်သည်ဟု သိရသည်။ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) နှင့် အမေရိကန်ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ (DIA)၏ လတ်တလောကာလ သုံးသပ်မှုများအရ လက်ရှိအီရန်အပေါ် အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက် မှုများသည် အီရန်ရဲ့ ဆွေးနွေးညှိနှိုင်းမှုရပ်တည်ချက်ကို ပြောင်းလဲနိုင်ခြေသိပ်မရှိဟု ယူဆကြောင်း အမေရိကန် CNN သတင်းဌာနက ဇူလိုင်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အမေရိကန်၏ စစ်ပွဲအခွင့်အာဏာအက်ဥပဒေ (War Powers Resolution) အရ သမ္မတသည် လွှတ်တော်၏ ခွင့်ပြုချက်မရရှိသည့် အခြေအနေ၌ အမေရိကန်စစ်တပ်အား ရန်လိုမှုလှုပ်ရှားမှုတွင် အသုံးပြုခြင်းအား သာမန်အားဖြင့် ရက်ပေါင်း ၆၀ ထက် ကျော်လွန်၍မရကြောင်း၊ သို့သော် စစ်တပ်ဆုတ်ခွာသည့်ကာလ အကြာဆုံးအနေဖြင့် အခြားရက် ၃၀ ရှိကြောင်း သိရသည်။ ထရမ့်အစိုးရသည် ဇူလိုင်လ ၁၀ ရက်တွင် လွှတ်တော်ထံ စာလွှာပေးပို့၍ အီရန်သည် ဇူလိုင်လ ၇ ရက်တွင် ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားလာသော စီးပွားရေးကုန်တင်သင်္ဘော ၃ စင်းအား တိုက်ခိုက်ခဲ့ရာ ထိုမတိုင်မီက ရရှိထားသော အပစ်ရပ်မှုအစီအစဉ်အား ချိုးဖောက်နေကြောင်း၊ ယင်းကိုအကြောင်းပြု၍ အိမ်ဖြူတော် က ဇူလိုင်လ ၇ ရက်ကို အမေရိကန်-အီရန် အသစ်တစ်ကြိမ် ရန်လိုမှုလှုပ်ရှားမှု စတင်သည့်ရက်စွဲအဖြစ် သတ်မှတ်ကာ စစ်ပွဲအခွင့်အာဏာ အက်ဥပဒေသတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ ကန့်သတ်ချက်ကို ယင်းနေ့မှစ၍ ပြန်လည် တွက်ချက်သင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်ဟု သတင်းများအရသိရသည်။ (Repost from Xinhua Myanmar)

27 Jul

ADVERTISE HERE .