“ဖူတန်မာ လေယာဉ်ကွင်းကို ပြန်လည်ပေးအပ်မည့် နောက်ဆုံးရက်ကို အတည်ပြုရန် အိုကီနာဝါ ပြည်သူလူထု စုဝေးတောင်းဆိုခဲ့”

27 Jul

ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် ဂျီနိုဝမ်မြို့ လွှတ်တော်နှင့် ဒေသခံစီးပွားရေးအုပ်စုများက ဇူလိုင်လ ၂၆ ရက်တွင် လူထုစုဝေးပွဲကျင်းပကာ ပူးတွဲကြေညာချက်ထုတ်ပြန်၍ ဂျပန်-အမေရိကန် နှစ်နိုင်ငံအစိုးရအနေဖြင့် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ်၏ ဖူတန်မာလေယာဉ်ကွင်းကို ပြန်လည်ပေးအပ်မည့် နောက်ဆုံးရက်ကို အတည်ပြုရန် တောင်းဆို ခဲ့ကြကြောင်း ဂျပန် Kyodo News က ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။ သတင်းအရ ထိုနေ့ ဂျီနိုဝမ်မြို့တွင်ကျင်းပသော လူထုစုဝေးပွဲ၌ နယ်ပယ်အသီးသီးမှ ပြည်သူလူထု ၁,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ ဒေသခံပြည်သူများသည် အမေရိကန်စစ်လေယာဉ် မတော်တဆဖြစ်နိုင်ခြေ အန္တရာယ် များနှင့် ဆူညံသံနှောင့်ယှက်မှုများကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ရပြီး သည်းခံနိုင်စွမ်းမှာ အတိုင်းထက်အလွန်ဖြစ်ခဲ့ပြီ ဖြစ်ရာ ဖူတန်မာလေယာဉ်ကွင်းကို အမြန်ဆုံးပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြပြီး ပြန်လည်ပေးအပ်မည့် နောက်ဆုံးရက်ကို အတည်ပြုပေးရန် အဆိုပါပူးတွဲကြေညာချက်တွင် ထောက်ပြခဲ့သည်။ ဂျီနိုဝမ်မြို့တော်ဝန် Atsushi Sakima က ဂျပန်-အမေရိကန် နှစ်နိုင်ငံအစိုးရ၏ ဖူတန်မာလေယာဉ်ကွင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက်မှာ ယနေ့ဆိုလျှင် နှစ် ၃၀ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ ဒီလိုသာ ဆက်သွားမယ်ဆိုရင် နှစ် ၄၀ ကြာလည်း လေယာဉ်ကွင်းက ဆက်ရှိနေဦးမှာပဲဟု ပြောကြားခဲ့သည်။ ဂျီနိုဝမ်မြို့သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် အိမ်တော်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ အမေရိကန်သံရုံးထံလည်း သက်ဆိုင်ရာတောင်းဆိုချက်များ တင်သွင်းရန် စီစဉ်ထားသည်။ ၁၉၉၆ ခုနှစ် ဂျပန်-အမေရိကန် နှစ်နိုင်ငံအစိုးရသည် ဖူတန်မာလေယာဉ်ကွင်းနှင့် စပ်လျဉ်း၍ သဘောတူညီ ချက် ရရှိခဲ့သည်။ ယင်းနောက် ဂျပန်အစိုးရသည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ် လေယာဉ်ကွင်းကို Nago မြို့ Henoko ဒေသသို့ ပြောင်းရွှေ့ခဲ့ပြီး ပင်လယ်ပြင်မြေဖို့လုပ်ငန်းကို မြှင့်တင်လုပ်ဆောင်ခဲ့သော်လည်း ပြန်လည် ပေးအပ်မည့် လုပ်ငန်းစဉ်ကိုပင် ယနေ့တိုင် ပြီးစီးခြင်းမရှိသေးပေ။ အိုကီနာဝါ ဒေသခံပြည်သူများသည် ကာလရှည် ကြာစွာ အမေရိကန်စစ်အခြေစိုက်စခန်းမှ လေယာဉ်ဆူညံသံ၊ လုံခြုံရေးမတော်တဆမှု၊ အမေရိကန်စစ်တပ် ရာဇဝတ်မှု စသည့်ကိစ္စရပ် နှောင့်ယှက်မှုများ ခံစားခဲ့ကြရပြီး အမေရိကန်စစ်အခြေစိုက်စခန်းများကို အိုကီနာဝါခရိုင်မှ ပြောင်းရွှေ့ သွားရန် တောင်းဆိုခဲ့ကြသည်။ (Repost from Xinhua Myanmar)

27 Jul

ADVERTISE HERE .