“စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ”

27 Jul

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှဦးဆောင်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ Ingo Peace မှ အတွင်းရေးမှူး Mr.Hiroyuki Nakazawa နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာ နုနုရီ က Concepts of Human Rigths၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ တင်ဌေးအိ က Myanmar National Human Rights Commissiom အကြောင်းနှင့် Human Rights and Enviroment၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်း က Business and Human Rights တို့ကို အသီးသီးဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ Ingo Peace မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)

27 Jul

ADVERTISE HERE .