ကုန်ဈေးနှုန်းသတင်း ၂၇.၇.၂၀၂၆

27 Jul

ဇူလိုင်လ ၂၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး စားတော်ပဲနဲ့ အာလူးဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၉,၀၁၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၉,၉၀၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၆၅၅ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၁၈၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၃၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၄,၂၆၀ ကျပ်ကနေ ၁၅,၉၃၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၈၃၀ ကျပ်ကနေ ၁၂,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၈,၃၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၆,၃၆၅ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၂,၂၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၁၀၀,၀၀၀ ကျပ်ကနေ ၁၁၅,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၁၁၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၃၅၀ ကျပ်၊ မန္တလေးမှာ ၃,၄၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၄၄၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၄၆၀ ကျပ်၊ မန္တလေး မှာ ၃,၆၀၀ ကျပ်၊ နေပြည်တော်မှာ ၃,၅၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၅၆၀ ကျပ်၊ မန္တလေးမှာ ၃,၆၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၆၅၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၃၁၅ ကျပ်၊ မန္တလေးမှာ ၄,၄၅၀ ကျပ်၊ နေပြည်တော်မှာ ၄,၄၁၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၉၅၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်း ငါးသောင်းကျပ် ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၉,၇၂၀,၀၀၀ိ/-) ကိုးဆယ် ခုနစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

27 Jul

ADVERTISE HERE .