“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိ”
27 Jul
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ၎င်းမှ ပုဂံ-ညောင်ဦး လေဆိပ်သို့ ဇူလိုင်လ ၂၇ ရက်က ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ထိုင်းနိုင်ငံသားခရီးသွားများအား ပုဂံ-ညောင်ဦးလေဆိပ်တွင် ညောင်ဦးခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်နှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ပြီး၊ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် ၄၀ တို့သည် Travel Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သမိုင်းဝင်အထင်ကရဘုရားများနှင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရား၊ သာသနိက အဆောက်အအုံ များအား ဇူလိုင်လ ၂၆ ရက်မှ ၃၁ ရက်အထိ ဖူးမြော်လေ့လာသွားမှာ ဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲအနေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင် ရေးအတွက် Information Center သုံးခုကို ပုဂံ-ညောင်ဦးလေဆိပ်၊ ICT ခန်းမနှင့် ပုဂံမြို့သစ်တို့တွင် ဖွင့်လှစ် ထားရှိကြောင်း သိရပါတယ်။ (NVS-004)