“ရန်ကုန်မြို့၌ ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးပြပွဲ ကျင်းပမည်”

27 Jul

The Japan Foundation Yangon(JFYG) သည် License Academy Co.,Ltd. မြန်မာနိုင်ငံ ဂျပန်ပြန် ကျောင်းသားဟောင်းများအသင်း(MAJA) တို့နှင့် ပူးပေါင်းပြီး Japan Culture & Education Fair 2026 ကို ဩဂုတ်လ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ Melia Yangon(Inya Ballroom, Function Room 1) ၌ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီခွဲအထိ ကျင်းပသွားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်တွင် ဂျပန်နိုင်ငံရဲ့ နွေရာသီပွဲတော်ယဉ်ကျေးမှုကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားနိုင်ပြီး ဂျပန် နိုင်ငံမှ လာရောက်ပြသကြမည့် တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များ၊ ဂျပန်ဘာသာစကားကျောင်း များနှင့် ပညာသင်ဆု၊ ပညာရေးဆိုင်ရာ အကြံဉာဏ်များနှင့် ဂျပန်ပညာတော်သင်ဆွေးနွေးပွဲ နှစ်ခုစလုံးကို တစ်နေရာ တည်းတွင် ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Cosplayer များရဲ့ စင်မြင့်ဖျော်ဖြေတင်ဆက်မှုများ၊ ကန်ဒို(Kendo)နှင့် ကရာတေး(Karate) ပြသပွဲများ၊ ဂျပန်ယဉ်ကျေးမှုကိုလေ့လာနိုင်မည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဂိမ်းကစားနည်းအစီအစဉ်များ၊ ယုကတ (Yukata) ဝတ်ဆင်မှုအတွေ့အကြုံများနှင့် ဂျပန်ပညာတော်သင် အကြံပေးကောင်တာများ ပါဝင်သွားမှာဖြစ်လို့ စိတ်ပါဝင်စားသူများအနေနဲ့ လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရပါတယ်။ (NVS-004)

27 Jul

ADVERTISE HERE .