“မန္တလေးမြို့၌ Mountain Bike(MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကျင်းပမည်”

27 Jul

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)သို့ Mountain Bike(MTB) လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)မှ သိရပါတယ်။ Mountain Bike(MTB) လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ဩဂုတ်လ ၁၅ ရက် နံနက် ၅ နာရီခွဲမှ စတင်ကျင်းပ မှာဖြစ်ပြီး Start Point တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့မှ Finish Point အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)အထိ စီစဉ်ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား/အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့၏ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် စက်ဘီးစီးကျွမ်းကျင်မှုများကို ပြသနိုင်မည့်အခွင့်အရေးကောင်း တစ်ခုဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေနဲ့ ပါဝင်ယှဉ်ပြိုင်နေစဉ် စက်ဘီးစီးဦးထုပ်များကို မဖြစ်မနေဝတ်ဆင်ရမှာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးရန် လိုအပ် ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအတွင်း အသေးစိတ်မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ ပြိုင်ပွဲလမ်းကြောင်းနှင့် ဆုချီးမြှင့်မှု အစီအစဉ် များကို ဆက်လက်ကြေညာသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များအား အဆင့်လိုက်အထူးဆုများကိုလည်း ချီးမြှင့်ပေးအပ်သွား မှာဖြစ်ပါတယ်။ (NVS-004)

27 Jul

ADVERTISE HERE .