“ဂျပန်တိုက်စစ်မှူး မာအီဒါ ကို ခေါ်ယူခဲ့တဲ့ အစ်ဝစ်ချ်အသင်း”

27 Jul

ပရီးမီးယားလိဂ်တန်းတက်ကလပ် အစ်ဝစ်ချ်အသင်း ဟာ ဆဲလ်တစ်အသင်းရဲ့ ဂျပန်လက်ရွေးစင်တိုက်စစ်မှူး မာအီဒါ ကို ပေါင် ၁၀ သန်းဝန်းကျင်ခန့်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ မာအီဒါ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းမှာ ပါဝင်ခဲ့ပြီး အသင်းကို ၃၂ သင်းအဆင့်တက်ရောက်ဖို့ ကူညီပေးခဲ့ပါတယ်။ မာအီဒါ အနေနဲ့ ဆဲလ်တစ်အသင်းမှာ ပြိုင်ပွဲစုံ ၂၁၂ ပွဲကစားပြီး ၇၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဆဲလ်တစ်အသင်းနဲ့အတူ အမှတ်ပေးဖလား ငါးကြိမ်၊ စကော့တစ်ရှ်ဖလား သုံးကြိမ်နဲ့ လိဂ်ဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ အစ်ဝစ်ချ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး မာအီဒါက ခုနစ်ဦးမြောက် ကစားသမားခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ (NVS 008)

27 Jul

ADVERTISE HERE .