“ကမ္ဘာ့ဖလားမှာ နာမည်ကြီးခဲ့တဲ့ ဂိုးသမား ဗော်ဇင်ညာ ချီလီကလပ်သို့ ပြောင်းရွှေ့”

27 Jul

ကမ္ဘာ့ဖလားမှာ လူသိများထင်ရှားခဲ့တဲ့ ကိတ်ဗာဒီဂိုးသမား ဗော်ဇင်ညာ ဟာ ချီလီအအောင်မြင်ဆုံးကလပ် ကိုလိုကိုလိုအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ကိုလိုကိုလိုအသင်းက အသင်းရဲ့လူမှုကွန်ရက်ကနေ ဗော်ဇင်ညာ အား ခေါ်ယူမှုကို အတည်ပြုခဲ့ပါတယ်။ ကိုလိုကိုလိုအသင်းကို စီမံခန့်ခွဲနေတဲ့ Blanco y Negro ကုမ္ပဏီဥက္ကဋ္ဌ အာနီဘယ်လ်မိုဆာ က ဗော်ဇင်ညာ ဟာ လာမယ့်ရက်ပိုင်းအတွင်း ချီလီကို ရောက်ရှိလာပြီး ဆေးစစ်မှုခံယူမယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဗော်ဇင်ညာ ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် နှစ်သင်းဖြစ်တဲ့ စပိန်၊ အာဂျင်တီးနားတို့နဲ့ ပွဲတွေက လက်စွမ်းတွေနဲ့ လူသိများ ထင်ရှားလာခဲ့ပါတယ်။ ဗော်ဇင်ညာ ဟာ ကမ္ဘာ့ဖလားကာလအတွင်း ယခင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ Follower ၅၀,၀၀၀ ဝန်းကျင်သာရှိရာကနေ ၂၉ သန်းနီးပါးအထိ ရောက်ရှိ ခဲ့ပါတယ်။ ဗော်ဇင်ညာ ဟာ ကိုလိုကိုလိုအသင်းနဲ့ ၁၈ လသက်တမ်းရှိစာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ (NVS 008)

27 Jul

ADVERTISE HERE .