“ရီးရဲလ်အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်း”

27 Jul

အာဆင်နယ်အသင်းဟာ ရီးရဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗင်နီစီယပ်စ် ဟာ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဗင်နီစီယပ်စ် နဲ့ ရီးရဲလ်အသင်းအကြား စာချုပ်သစ်မချုပ်ဆိုဖြစ်ပါက အာဆင်နယ်တစ်သင်းသာ သူရောက်ရှိနိုင်တဲ့ကလပ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဗင်နီစီယပ်စ် ဟာ ၂၀၁၈ ခုနှစ်မှာ ဖလာမင်ဂိုအသင်းကနေ ရီးရဲလ်အသင်းကို ရောက်ရှိလာပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ လာလီဂါဖလား သုံးကြိမ် အပါအဝင် ဆုဖလားများစွာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာလည်း ဘရာဇီးလ်အသင်းအတွက် ငါးပွဲကစားပြီး လေးဂိုး သွင်းယူခဲ့ပါတယ်။ ရီးရဲလ်အသင်းက ဗင်နီစီယပ်စ် အသင်းကထွက်ခွာခဲ့ရင် ပြန်လည်အစားထိုးဖို့ လိုက်ပ်ဇစ်တောင်ပံကစားသမား ဒီယိုမန်ဒီ ကို စိတ်ဝင်စားနေခဲ့ပါတယ်။ (NVS 008)

27 Jul

ADVERTISE HERE .