“ဂီမာရေ့စ် ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မသိရှိဘူးလို့ တုံ့ပြန်ပြောကြားခဲ့တဲ့ အက်ဒီဟောင်း”

27 Jul

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက အသင်းခေါင်းဆောင် ဂီမာရေ့စ် ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မသိရှိဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းက ပေါင်သန်း ၇၀ နဲ့ ဂီမာရေ့စ် ကို ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဂီမာရေ့စ် ကလည်း ပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပြောင်းရွှေ့လိုကြောင်း ပြောခဲ့ပါတယ်။ နယူးကာဆယ်အသင်းကတော့ ဂီမာရေ့စ် ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမယ့် ချဉ်းကပ်မှုတစ်ခုတော့ ရရှိထား ပါတယ်။ အက်ဒီဟောင်း က အဆိုပါသတင်းတွေမထွက်ခင် ဂီမာရေ့စ် နဲ့ စကားပြောခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အက်ဒီဟောင်း က မိမိတို့ရဲ့အကောင်းဆုံးကစားသမားတွေကို မဆုံးရှုံးချင်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ (NVS 008)

27 Jul

ADVERTISE HERE .