“စက်ရုံဖယ်ရီပြေးဆွဲနေတဲ့ YBS များကို CNG ဖြည့်သွင်းခွင့် ရာသက်ပန်ပိတ်သိမ်းအရေးယူ”

27 Jul

သတ်မှတ်ထားတဲ့ ခရီးစဉ်လမ်းကြောင်းအတိုင်းမပြေးဆွဲဘဲ စက်ရုံများမှာ ဖယ်ရီပြေးဆွဲနေတဲ့ YBS ခရီးသည် တင်ယာဉ် ၁၀ စီးကို CNG ဓာတ်ငွေ့ဖြည့်သွင်းခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရန်နှင့် သက်သာ ချောင်ချိရေးအတွက် အာရှမှာအသက်သာဆုံးဖြစ်တဲ့ တစ်ကီလိုဂရမ် ၂၇၃ ကျပ် ၂၅ ပြားနှုန်းနဲ့ CNG များကို ဦးစားပေး ရောင်းချပေးနေခြင်း ဖြစ်ပါတယ်။ အဆိုပါ YBS ၁၀ စီးက သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ စက်မှုဇုန် များမှာ ဖယ်ရီဆွဲနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယခုကဲ့သို့ ပြင်းထန်စွာအရေးယူလိုက်ခြင်း ဖြစ်ပါတယ်။ အဆိုပါ အရေးယူခံရတဲ့ ယာဉ် ၁၀ စီး၏နံပါတ်များကို CNG အရောင်းဆိုင်များအားလုံးမှာ ကြေညာထားရှိကြောင်း သိရပါတယ်။ (NVS 008)

27 Jul

ADVERTISE HERE .