“သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးစိုက်ပျိုးရန် လျာထားဧကပြည့်မီစွာ ဆည်ရေပေးဝေမည်”
27 Jul
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုး ရန်အတွက် လျာထားဧကပြည့်မီစွာ ဆည်ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရေပမာဏ ၁,၄၅၀,၀၀၀ ဧကပေ ပေးဝေရန်လျာထားပြီး မိုးစပါးအတွက် ရေလုံလောက်စွာ ပေးဝေနိုင်မည့်အပြင် လာမည့်နွေသီးနှံ များအတွက်ပါ စိုက်ပျိုးရေတစ်စိတ်တစ်ပိုင်း သိုလှောင်ထားရှိနိုင်မှာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော သဖန်းဆိပ်ရေလှောင်တမံအလျားက ၂၂,၅၈၇ ပေရှိပြီး အဓိက မြောင်းမကြီးလေးမြောင်းမှတစ်ဆင့် ခရိုင် ၅ ခု၊ မြို့နယ် ၉ ခုရှိ စိုက်ပျိုးမြေဧက ၅ သိန်းနီးပါးကို နှစ်စဉ်စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး၊ မြောင်းအဆုံးရှိ ရွှေဘိုမြို့ မဟာနန္ဒာကန်တော်သို့ မြို့လူထု ၈ သောင်းကျော်အတွက် နေ့စဉ်ရေဂါလန် ၂၂ သိန်းခန့် သောက်သုံးရေ ဖြည့်တင်းပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)